Sunday, May 27, 2007

ပြသနာ

ပညာကို မလိုပဲ သုံးရင် အန္တရာယ်ပဲ...

ပညာဆိုတာ

ပညာဆိုတာ ထုတ်ပြလွန်းရင် ပျောက်သွားတယ်..
လျှိုလွန်းပြန်တော့လည်း ခမ်းသွားတယ်...

လွယ်ပါတယ်

အသက်ရှုရတာ ဘယ်လောက်လွယ်သလဲဆို...
အသက်ရှုနေတာ မှန်းကိုတောင် သတိမထားမိကြဘူး...
ဒါပေမယ့် သေတာက ခက်လား...
သေတာက အသက်မရှုတော့တာပဲလေ...
အသက်မရှုတာကို သတိမထားမိမှတော့...
သေတာကို ဘာလို့ကြောက်နေတာလဲ...

လူတွေ

အသစ်အဆန်းတစ်ခုက ပြသနိုင်တဲ့သူတွေက
နာမည်ကြီးသွားတယ်...
အသစ်အဆန်းတစ်ခုကို ပြောပြတဲ့သူကတော့
အရူးတဲ့ဗျာ..

နိယာမ

ကမ္ဘာကလည်တယ်လို့ သတ်မှတ်လိုက်တာနဲ့
ကမ္ဘာပေါ်က အရာအားလုံးက လည်နေတာပဲ..

သေနေ့

လူတွေဟာ တစ်နေ့နေ့သေမှာကို မေ့နေတယ်..
သူသေသွားပြီဆိုတာ ကြားလိုက်ရင်...
ရုတ်တရက် လက်မခံနိုင်တာ ဘာကြောင့်လဲ...

ခံယူချက်

ငါဒီနေ့ သေမယ်...
မသေရင် မနက်ဖြန်သေမယ်..
ဒါငါ့ ခံယူချက်ပဲ...