Wednesday, June 20, 2007

ကံတရား

ကံကောင်းခြင်းသည် တစ်ဦးတည်းသာ လာပြီး.....
ကံဆိုးခြင်းသည် အပေါင်းအဖော်ပေါင်းမြောက်များစွာနှင့်လာသည်...

Thursday, June 14, 2007

အမှားနဲ့အမှန်

လောကမှာ..
အမှားတွေထဲမှာ အမှန်တွေရှိတယ်..
အမှန်တွေထဲကပဲ အမှားတွေထွက်လာတတ်တယ်..

အမှန်အမှားဆိုတာ အမြဲရောထွေးနေတယ်...
အချိန်ကာလမှာ မူတည်ပြီး အမှန်နဲ့ အမှားဟာကွဲပြားနေတာ...

အမှားလို့ယူဆထားတာက တချိန်မှာ အမှန်တရားဖြစ်တတ်တယ်..
အမှန်လို့ယူဆထားတာတွေကလည်း တချိန်မှာ အမှားဖြစ်တတ်တယ်..

Wednesday, June 13, 2007

လက်ရှိ

လက်ရှိကသာ အဓိက...
လက်ရှိကမှ အနာဂတ်ကို..
ဖန်တီးတာ..
အနာဂတ်ကို ကြိုပြီး..
ပြောနေလည်း...
ထူးဘူး..

Saturday, June 9, 2007

ပြောဘူးတဲ့စကား....

ဘ၀မှာ ထမင်းနှစ်နပ်စားရရင်တော်ပါပြီဆိုတဲ့လူကို...
သူမရဘူးတဲ့ စည်းစိမ်ပေးကြည့်ပါလား...
သူပြောတဲ့စကားကို သူမေ့သွားမှာ..
လူတွေက ခက်သားပဲ...

ဘာကြောင့်အသက်ရှင်

တစ်နေ့နေ့...
တစ်ချိန်ချိန်....
ဖြစ်လာမယ်ဆိုတာ...
ဆိုတာ ဘ၀ရဲ့...
အလင်းရောင်လေးပဲ...
အသက်ရှင်ခြင်းရဲ့...
အရင်းအမြစ်ပဲ...

Tuesday, June 5, 2007

သြ၀ါဒနဲ့လူ

သူများကို သြ၀ါဒပေးဖို့က လွယ်တယ်...
ကိုယ်ကိုတိုင် ကျင့်ကြံဖို့ကတော့ တော်တော်လေးကိုခက်တယ်..

Sunday, June 3, 2007

အပိုင်

လူတွေဟာ..
တခါတလေ....
အပိုင်တွက်ထားတတ်တယ်...
အပိုင်တွက်ထားတဲ့အတိုင်းမဖြစ်ရင်...
ဘာဖြစ်မလဲဆိုတာတော့..
အပိုင်မတွက်ထားကြဘူး...

သေဆုံးခြင်း...

သေဆုံးခြင်းဆိုတာ ဘ၀ရဲ့နိဂုံးမဟုတ်ဘူး...
နောက်ထပ်ဖြစ်လာမယ့်...
ဘ၀အတွက်...
နိဒါန်းပဲ...

မနက်ဖြန်

မနက်ဖြန်ဆိုတာ မရှိတော့ဘူးဆိုရင်...
ဘာလုပ်မယ်လို့ စဉ်းစားထားလဲ...

သေဖို့...

သေဖို့အရာကို ငါကြိုတင်ပြင်ဆင်ထားပါတယ်...

ရည်မှန်းချက်ဆိုတာ...

ရည်မှန်းချက်ဆိုတာ...
မဖြစ်တော့တဲ့အခါမှာ...
အပြင်းအထန်... နာကျင်ကြေကွဲမှု...
အပြင်းအထန်.... စိတ်ဓာတ်ကျမှု....
မကျေနပ်မှု.... ၀မ်းနည်းမှု....
အဆိုးဝါးဆုံးက...
ကိုယ့်ကိုယ်ကို သတ်သေလိုစိတ်ပေါက်အောင်...
စွမ်းဆောင်နိုင်စွမ်းရှိတယ်..

ဝေးကွာခြင်း...

အရာရာဟာ...
ငါနဲ့ ဝေကွာလွန်းတယ်လို့...
ခံစားမိတဲ့...
အချိန်တွေမှာ..
ငါဘာလုပ်သင့်လဲဆိုတဲ့ အတွေးကတော့..
ငါနဲ့ ဝေးကွာခြင်းမရှိဘူးဆိုတာ...
သိလိုက်ရတဲ့အတွက်...
ငါဟာ...
အကုန်လုံးနဲ့ ဝေးကွာနေတာ...
မဟုတ်ဘူး ဆိုတာသိလိုက်ရတာပဲ...

နေ့

အခုပြောတဲ့ အရာတွေဟာ...
အခုလုပ်နေတဲ့ အရာတွေဟာ...
နောင် ၁၀ နှစ်ကြာရင်...
အဖိုးတန်တာတွေ ဖြစ်လာနိုင်သလို...
ရယ်စရာကောင်းတာလည်း ဖြစ်သွားနိုင်ပါတယ်...

ပင်ပန်းတယ်...

အချစ်ဆိုတဲ့အရာဆိုတာ ပင်ပန်းပါတယ်...
ပင်ပန်းလွန်းလို့...
တတ်နိုင်သလောက်ရှောင်တဲ့ကြားကနေ
နှစ်ခြိုက်မိတဲ့ ငါဟာ....
သိလျက်နဲ့ မိုက်နေတာထက်ဆိုးတဲ့
အမိုက်ကောင်ပါလား....

ဘဝ

ဘ၀ဆိုတာ...
အောင်မြင်မှုများ
ပိုပင်ပန်းရလေလေပဲ..

သက်သာခြင်း...

စိတ်ညစ်တယ်လို့...
အော်နေတာဟာ...
စိတ်ညစ်ခြင်းမပျောက်ပေမယ့်..
စိတ်သက်သာခြင်းကိုတော့ ရောက်စေပါတယ်..

စိတ်ဆိုတာ

တခါတလေတော့...
စိတ်ဆိုတာကို
စိတ်ညစ်မိတယ်..